အပျိုဖြန်းလေးတွေအတွက် ချစ်စရာစွမ်းရည်ပြိုင်ပွဲလေး စနေပါပြီ။

ဒီပြိုင်ပွဲလေးကတော့ LipIce Myanmar မှ ကျင်းပတဲ့ပွဲလေးဖြစ်ပါတယ်။ ဒီပွဲလေးကို ၂၀၁၆ ခုနှစ်မှာလည်း ပြုလုပ်ခဲ့ပါတယ်။ ဒီအချိန်ကတော့ Liplce Karaoke Contest ဆိုပြီးလုပ်ခဲ့တာပါ။ ပြီးခဲ့တဲ့ ပြိုင်ပွဲလေးမှာတော့ ချစ်ပန်းနှုတ်ခမ်း သီချင်းကို အိမ့်ချစ်က အဓိက တာဝန်ယူ သီဆိုပေးခဲ့တာပါ။ သူဆိုပေးခဲ့တဲ့သီချင်းလေးကို အောက်မှာနားထောင်ကြည့်လိုက်နော်။

https://www.youtube.com/watch?v=3AWgtnkCjf8

၂၀၁၆ ခုနှစ်ပြိုင်ပွဲမှာ ဆုကို ရရှိခဲ့သူများကတော့ -

★ ပထမဆု - War War Shwe Yee Khaing

★ ဒုတိယဆု - May Myat Noe Oo

★ တတိယဆု - Chaw Theingi

ပထမဆုရသူ War War Shwe Yee Khaing နဲ့အတူ အိမ့်ချစ်တို့ရဲ့ Thu Bal ... Thu Bal သီချင်းလေးကလည်း ချစ်ပန်းနှုတ်ခမ်းနဲ့မတူ တမျိုးခံစားရမှာပါ။

https://www.youtube.com/watch?v=41Xz1RaLgRA

ကဲဒီနှစ်ကတော့ အပျိုဖြန်းလေးများ၏ ချစ်စရာစွမ်းရည်ပြိုင်ပွဲ ဆိုတဲ့ခေါင်းစဉ်လေးနဲ့ ပြိုင်ပွဲသစ်လေးစနေပြီနော်။ ဒီနှစ်အတွက် သီချင်းလေးကိုတော့ ပန်းရောင်ခြယ် သီဆိုပေးထားပြီး သီချင်းနာမည်လေးကတော့ "အပျိုဖြန်းလေးအလှတွေစု LipIce Sheer Color Q" ပါ။ ဒီသီချင်းလေးက ဒီနှစ်အတွက် ပြိုင်ပွဲဝင်သီချင်းလေးဖြစ်မှာပါ။

https://www.youtube.com/watch?v=WCBZgcsuVgU

ပြိုင်ပွဲဝင်သီချင်းလေးနဲ့အတူ LipIce Sheer Color Q ကြော်ငြာလေးကိုလည်း ကြည့်လို့ရနေပါပြီနော်။

https://www.youtube.com/watch?v=6-FciGcdgrY

ဒီနှစ်ပြိုင်ပွဲလေးကို စိတ်ဝင်စားသူတွေအတွက်ကတော့ အောက်က Link ကနေလျှောက်လွှာတင်နိုင်ပါပြီ။

☆ လျှောက်လွှာတင်ရန် - > https://basicfront.easypromosapp.com/p/900258

☆ ဖောင်ပိတ်ရက် - > မတ်လ ၄ ရက်နေ့ (စနေနေ့) ၊ ၂၀၁၇ ခုနှစ်

ပြိုင်ပွဲဝင် သီချင်းကို Download လုပ်ချင်သူများအတွက် Link လေးရှိတယ်နော်။

http://chelmo.tips/rohto/LipIce-Sheer-Q.mp3

☆ပြိုင်ပွဲ၏ဆုများနှင့် ပတ်သက်၍

Top Award : 1,000,000 Ks + Rohto အလှကုန်ပစ္စည်းများ

Second Award : 700,000 Ks + Rohto အလှကုန်ပစ္စည်းများ

Third Award : 500,000 Ks + Rohto အလှကုန်ပစ္စည်းများ

People Choice Award : 300,000 Ks + Rohto အလှကုန်ပစ္စည်းများ

☆ မှတ်ချက်

၀၁. လျှောက်လွှာတွင် Facebook Account ၏ Profile ပုံကို အသုံးပြုမည်ဖြစ်သောကြောင့် မိမိပုံမဟုတ်သော ရှုခင်းပုံများ၊ ကာတွန်းပုံများထည့်သွင်းထားသူများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။

၀၂. လျှောက်လွှာတွင် Facebook Account ၏ နာမည်ကို အသုံးပြုမည်ဖြစ်သောကြောင့် မြန်မာစာလုံးပေါင်းဖြသင့် ဥပမာ။ ။ "သူသူ" ဟုရေးသားထားလျှင် အင်္ဂလိပ်စာဖြင့် "Thu Thu" သို့ပြောင်းပေးရန်လိုအပ်ပါသည်။

☆ ပြိုင်ပွဲဝင်စည်းကမ်းချက်များ

၀၁. အသက် ၁၈ နှစ် မှ ၂၄ နှစ် အတွင်း မိန်းကလေးများသာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရှိသည်။(အိမ်ထောင်မရှိ၊ အပျိုဖြစ်ရမည်။ အုပ်ထိန်းသူသဘောတူညီမှု ရရှိပြီးသူ ဖြစ်ရမည်။)

၀၂. Lipice Myanmar မှသတ်မှတ်ထားသော သီချင်းဖြင့်သာ ဝင်ရောက်ယှဉ်ပြိုင်ရမည်။ (ပြိုင်ပွဲနောက်ဆုံးအဆင့်တွင် မိမိကြိုက်နှစ်သက်ရာ သီချင်းနှင့် "အပျိုဖြန်းလေးအလှတွေစု LipIce Sheer Color Q" သီချင်းနှစ်ပုဒ်အား သီဆိုရမည်ဖြစ်သည်)

၀၃.လျှောက်လွှာတင်ချိန်တွင် ပြိုင်ပွဲဝင်၏ ကိုယ်အပေါ်ပိုင်း Selfie (၁)ပုံကိုတင်ပေးရန် လိုအပ်ပါသည်။

၀၄. အခြားသော သီချင်းဆိုပြိုင်ပွဲများတွင် ဆုရရှိပြီးသူများနှင့် တေးစီးရီးထုတ်လုပ်ပြီးသူများ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရှိပါ။

၀၅. ပဏာမရွေးချယ်ထားသူများနှင့် နောက်ဆုံးအဆင့်ပြိုင်ပွဲဝင်သူများသည် လာရောက်ယှဉ်ပြိုင်ချိန်ကာလအတွင်း ကုန်ကျစရိတ်များအားလုံးကို မိမိအစီအစဉ်ဖြင့်သာ ကျခံရမည်။ပြိုင်ပွဲကျင်းပမည့် အဖွဲ့အစည်းမှ လုံးဝတာဝန်ယူမည် မဟုတ်ပါ။

၀၆. မြန်မာနိုင်ငံအတွင်း နေထိုင်သူများသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိသည်။

၀၇. ROHTO မိသားစုများ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိပါ။

☆ ရွေးချယ်မည့်ပုံစံ

Step1

LipIce Facebook Page တွင်ပြိုင်ပွဲဝင်လျှောက်လွှာတင်ရမည်။ လျှောက်လွှာများထဲမှာ ပဏာမပြိုင်ပွဲဝင်များကို ဖုန်းဖြင့်အသံစစ်ဆေးရွေးချယ်မည်ဖြစ်ပြီး အောင်မြင်သူများကိုသာ ပြန်လည်အကြောင်းကြားမည်ဖြစ်သည်။

Step2

၂၀၁၇ ခုနှစ်၊ မတ်လအတွင်း ပဏာမ ရွေးချယ်ထားသူများကို ရန်ကုန်မြို့တွင် လူတွေ့စစ်ဆေးမည်။ ၄င်းနေ့တွင် "အပျိုဖြန်းလေးအလှတွေစု LipIce Sheer Color Q" သီချင်းဖြင့်အသံစစ်ဆေးပြီး နောက်ဆုံးအဆင့်ပြိုင်ပွဲဝင်ရန်အတွက် ဇကာတင်(၁၅)ဦးကို ရွေးချယ်ပါမည်။

Step3

Grand Final တွင် "အပျိုဖြန်းလေးအလှတွေစု LipIce Sheer Color Q" သီချင်းနှင့်အတူ၊ မိမိနှစ်သက်ရာ သီချင်းတစ်ပုဒ် စုစုပေါင်း သီချင်းနှစ်ပုဒ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရမည်။ ထို့အပြင် မိမိထူးချွန်သည့်စွမ်းရည်တစ်မျိုးဖြင့်ပါ တင်ဆက်ယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။

အသေးစိတ်မေးမြန်းလိုပါက အောက်တွင်ဖော်ပြထားသော ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

09 43105307, 09 799555315, 09 9977946020, 09 9977946021

#LipIceMyanmar

#LipIceTeenIdolContest

#ChelmoTeam