သူကိုယ့်ကိုချစ်တယ်၊ သူကိုယ့်ကိုမချစ်ဘူး။ အမြဲဒီလိုမျိုးတွေ ဝေခွဲမရအောင် ခံစားရဘူးလား?

တခါတလေမှာတော့ အဲ့တာတွေက အံ့သြစရာကောင်းနေပါလိမ့်မယ်၊ တခါတလေတော့ နားမလည်နိုင်အောင် ဖြစ်နေမယ်။ အဲ့လိုပုံစံမျိုးတွေ သူ့အပေါ်မှာခံစားနေရလား? တခါတရံမှာ သူနဲ့ပတ်သက်ရင် အရာအားလုံးကချစ်ဖို့ကောင်းနေပေမယ့် တခါတလေကျတော့လဲ သူ့အနားက ထွက်ပြေးချင်စိတ်တွေပေါက်လာတယ်ဟုတ်?

ချစ်သူနှစ်ဦးအတွက် ပျော်စရာ၊ စိတ်လှုပ်ရှားစရာ၊ ရယ်မောစရာ လေးတွေ အများကြီးရှိပေမယ့် စိတ်ကတောက်ကစဖြစ်တာတွေက အဲ့ပျော်ရွှင်စရာတွေကို ပျက်စီးစေနိုင်တယ်နော်။ လူနှစ်ဦးရဲ့ ပေါင်းသင်းဆက်ဆံရေးကို အဓွန့်ရှည်တည်တံ့စေချင်ရင် ဒီအချက် (၅) ချက်ကို ရှောင်လိုက်ပါနော်။

၀၁. ဘာမှားနေလဲ ရှာကြည့်ပါ..

ချစ်သူနှစ်ဦးကြားမှာ ဘာတွေမှားနေလဲဆိုတာ ရှာကြည့်ဖူးလား? ကိုယ့်ချစ်သူဘာဖြစ်နေလဲ? ကိုယ်တို့ရဲ့ပေါင်းသင်းဆက်ဆံရေးမှာ ဘာဖြစ်နေလဲ? ကိုယ်ကိုတိုင်ရော ဘာတွေဖြစ်နေလဲ? ဆိုတာမျိုးတွေကို ပေါ့။ စိတ်လိုက်မာန်ပါ ဆုံးဖြတ်တာဟာ ပေါင်းသင်းဆက်ဆံရေးကို အဓိကဖျက်စီးမဲ့ လူသတ်သမားပါပဲ။ တယောက်နဲ့တယောက်အထင်လွဲနေခြင်းက ပိုပြီးဝေးကွာသွားစေပါတယ်။

အဲ့လိုမျိုးမတွေးပဲနဲ့ ပြောင်းပြန်ပြန်တွေးကြည့်ပါ။ “ငါမရသေးတဲ့ ကောင်းတဲ့အချက်တွေက ဘာတွေလဲ” “ငါမသိသေးတဲ့ သူ့ဆီကကောင်းတဲ့အချက် တွေကဘာတွေလဲ” “ငါကိုယ်တိုင်မှာရော ငါမသိလိုက်တဲ့ကောင်းတဲ့ အချက်တွေရှိလား” ဆိုတာမျိုးပြန်စဉ်းစားပါ။

ပြီးတော့ ချစ်သူနှစ်ဦးကြားမှာ ကျေးဇူးတင်စရာတွေ ဂရုစိုက်တာတွေက အထင်အမြင်လွဲခြင်းကို ဘယ်လိုဖြေဖျောက်ပေးနိုင်မလဲ ဆိုတာမျိုး ကိုယ့်ကိုကို ပြန်မေးပါ။     

 

၀၂. ကြားစကားတွေကို နားယောင်တဲ့အခါ..

တခါတလေမှာ ကြားစကားတွေကို နားယောင်မိတတ်ပါတယ်။ သူတို့ပြောတာတွေကို အမှားတွေလဲရှိသလို အမှန်တွေလဲရှိမယ် အဲ့တာတွေကိုနားယောင်ပြီးတော့ သူတို့ပြောတဲ့အတိုင်းလုပ်လိုက်မိတတ်ပါတယ်။

အဲ့လိုလုပ်မိပြီဆိုရင်တော့ တခြားသူရဲ့ relationship ကိုလိုက်တုနေသလိုဖြစ်နေပြီးတော့ ပျက်စီးဖို့ အထင်အမြင်လွဲဖို့ ဦးတည်နေပါပြီ။ ကိုယ့်အတွက်၊ ကိုယ့် relationships အတွက်ပဲကိုယ်စဉ်းစားပါ။

 

ဝ.၃ Relationship မှာကိုယ့်ရဲ့စိတ်ရော ကိုယ်ရောတခုလုံးကိုနှစ်ထားတဲ့အခါ…

ကိုယ့် Relationship မှာ သူများအတွက်ပဲ အရာအားလုံးလုပ်ပေးနေရတာလဲလို့ ဘယ်နှစ်ခါစဉ်းစားကြည့်ဖူးလဲ? ကိုယ်ပျော်ရွှင်ရဖို့မလုပ်တော့ဘူး၊ ကိုယ်သွားချင်တဲ့နေရာတွေကို သွားချင်တဲ့သူတွေနဲ့မသွားတော့ဘူး၊ ကိုယ့်ဘဝကအားလုံးသူ့အတွက်ပဲဖြစ်လာခဲ့တယ်၊ သူ့အတွက် ကိုယ့်ကိုကို လျစ်လျူရှုထားလိုက်တယ်။

အဲ့တာဘယ်တော့မှအလုပ်မဖြစ်ပါဘူး။ ကိုယ်က ကိုယ့် Relationship မှာအရေးပါတဲ့ဇာတ်ကောင်ပါ။ ကိုယ့်အခန်းကဏ္ဍကို Relationship ကနေထုတ်လိုက်ရင် ဘာအဓိပ္ပာယ်ရှိတော့မလဲ? အဲ့အတွက် ကိုယ်လုပ်ချင်တာလဲလုပ်ပါ။ တစ်ဖက်မှာလဲ ကိုယ်ချစ်ရသူနဲ့ ကိုယ့်ကိုတန်ဖိုးထားတဲ့သူ၊ ကိုယ်က တန်ဖိုးထားရတဲ့သူတွေနဲ့ နေပေးပါ၊ အချိန်ပေးပါ။ အဲ့တော့မှ

အကယ်၍ ကိုယ်လုပ်ချင်တာတွေ၊ ကိုယ့်သူငယ်ချင်းတွေကို ဆက်သွယ်တာမျိုး ဖြတ်လိုက်ရင်တော့ ဒီနေ့ကစပြီး ပြန်လုပ်ပါ။ ၁ရက်ကို အနည်းဆုံး ၁နာရီလောက် ကိုယ့်စိတ်ကြိုက်၊ ကိုယ့်စိတ်ကိုပျော်စေမယ့် အရာကိုလုပ်ပေးပါ။

 

၀၄. အတိတ်က မှာ မှားခဲ့တဲ့ အကြောင်းအရာကို ပြန်ကြည့်ပါ…

မနက်ခင်းအိပ်ယာနိုးတိုင်း မနေ့ညက သူဘာတွေမှားခဲ့လဲ စဉ်းစားဖူးလား? ကိုယ်သူတို့ကို လုပ်စေချင်တာကို သူတို့မေ့ကောင်းမေ့နေပါလိမ့်မယ်၊ သူတို့စိတ်တို ပြီး ကိုယ့်ကို ပြောမိကောင်းပြောမိခဲ့မိမယ်၊ မနေ့ညက ဒါမှမဟုတ် အရင်နေ့တွေက ဘာတွေပဲ ဖြစ်ခဲ့လဲ၊ ခေါင်းထဲမှာအဲ့အကြောင်းတွေပဲ တွေးမိနေတာတွေကို မတွေးပဲ ခေါင်းထဲကထုတ်ပစ်လိုက်ပါလား? ကြိုးစားကြည့်ပါ။

အဲ့လိုမေ့လိုက်ခြင်းအားဖြင့် အထင်အမြင်လွဲနေခြင်း၊ ဖြေရှင်းချက်တွေ၊ မခံချင်စိတ်တွေကို ပျောက်စေပြီး ပျော်ရွင်တဲ့ Relationship ကိုရမှာပေါ့။

အဲ့အတွေးလေးတခုကို နေ့တိုင်းမှတ်မိနေမယ်ဆိုရင် ကိုယ့် Relationship မနေ့ကနဲ့ မတူ နေ့တိုင်း တမူထူးခြားနေတော့မှာပေါ့။