သူငယ်ချင်းတွေအပေါ်မှာ အနိုင်ယူရမှ နေသာထိုင်သာရှိသူက ကိုယ့်ပတ်ဝန်းကျင်မှာရှိမှာပေါ့နော်။ သူကိုတော့ မမဘုရားလို့သာ ခေါ်လိုက်ချင်တော့မှာပါ။

ကဲ သူတို့ကတော့ သွေးအမျိုးအစားအလိုက်ဘယ်လို စိတ်နေစိတ်ထားရှိကြသလဲဆိုတာကို ကြည့်လိုက်ရအောင်လား။

၀၁. O သွေးအမျိုးအစား ...... အကြံပေးချက်တွေကို အမြဲအလေးထားမှာပါ။

O သွေးမိန်းကလေးတွေကတော့ ဘယ်တော့မဆို ဒုက္ခရောက်နေသူတွေကို ကယ်တင်ချင်နေတာ သူတို့ရဲ့ပင်ကိုယ်စိတ်နေစိတ်ထားပါ။ ဒါပင်မယ့်သူတို့ပြောစကားကို နားမထောင်ရင်တော့ တဖြည်းဖြည်းစိတ်တိုလာမှာပါ။ သူဘာကြောင့် ကိုယ့်စကားကိုနားမထောင်တာပါ့လိမ့်လို့ ကိုယ့်ကိုကိုယ်အပြစ်တင်နေတတ်သူပါ။ ဒါပင်မယ့်သူ့ကို အားပေးချီးကျူးရင်တော့ စိတ်ကြီးတွေဝင်ပြီး ထိန်းရခက်သူဖြစ်သွားပါလိမ့်မယ်။ ခဏကပြောသလို ပတ်ဝန်းကျင်နဲ့အဆင်ပြေအောင် နေတတ်သူဖြစ်တယ်ဆိုတာတော့ မမှားပါ။

၀၂. B သွေးအမျိုးအစား ...... ငါပြောတာတွေက အမြဲ အမှန်တရားတွေဆိုတာကို သိထားကြပါ။

အမြဲတည်း ယုံကြည်မှုအပြည့်နဲ့ ကိုယ့်လမ်းကို ကိုယ်လျှောက်နေသူဖြစ်တာကြောင့် ဘယ်သူတွေဘာပဲပြောပြော မမူပါ။ အကယ်၍ အမှားရှိခဲ့သည်ရှိသော်လည်း ကိုယ်မှန်တယ်ဆိုတာကို ယုံပြီး ပြောစကားနားမထောင်ပါ။ ကိုယ်မှားတယ်ဆိုရင်တောင်မှ သူကကိုယ့်ကို မှားတဲ့လမ်းရောက်အောင် အရောက်ပို့တယ်ဆိုပြီး လုံးဝကို လက်ခံမှာမဟုတ်ပါ။ စိတ်ထဲထင်တာကို ထင်တဲ့အတိုင်းပြောတတ်သူဖြစ်တာကြောင့် စကားကို အပေါ်ကပဲပြောတတ်သူပါ။ သူ့ရဲ့ပြောဆို ဆက်ဆံပုံကြောင့်လည်း သူ့ပတ်ဝန်းကျင်မှာလည်း သူ့ကိုကြောက်တတ်ကြပါတယ်။

၀၃. AB သွေးအမျိုးအစား ...... ဘုရင်မတစ်ပါးလိုနေပင်မယ့်လည်း တကယ်တော့ အားငယ်တတ်သူပါ။

သူက အမှန်အမှားကို သေသေချာချာ ခွဲခြားနားလည်တတ်သူဖြစ်တာကြောင့် ကိုယ်ကမှန်နေတယ်ဆိုရင် တဖက်သားကို ကြီးသည်ငယ်သည်ဖြစ်ပါစေ၊ ရဲရဲတင်းတင်းကို ပြောတတ်သူပါ။ ဒါကြောင့်လည်း အပေါ်စီးကနေ စကားပြောတတ်တဲ့သူလို့ အထင်မှားတတ်ပါတယ်။ သူများတွေနဲ့လည်း တိုင်းပြီး ယှဉ်ပြိုင်ရတာကိုလည်း စိတ်ကိုမဝင်စားသူတစ်ယောက်ပါ။ လာပြီးပူးကပ်နေတာထက် ကိုယ့်ဟာကိုယ် အဝေးမှာတစ်ယောက်တည်းနေရတာကို ပိုပြီး စိတ်ချမ်းသာသူတစ်ယောက်ပါ။

၀၄. A သွေးအမျိုးအစား ....... အခစားဝင်ဖို့ရန် အသင့်အနေအထားရှိနေသူပါ။

ပတ်ဝန်းကျင်နဲ့အတူ ယှဉ်တွဲပြီး နေချင်သူလည်းဖြစ်ပြီး သူတပါးပြောစကားကို ကြားပြီးပြီဆိုရင်လည်း စိတ်ထဲမှာ အမြဲစဉ်းစားနေတတ်သူပါ။ တစ်ယောက်တည်းနေရင် မာနကြီးပုံရတယ်လို့ထင်ကြတာကြောင့် ဒီလိုထင်ခံရတာကို မုန်းတာကြောင့် တတ်နိုင်သလောက် အားလုံးနဲ့အဆင်ပြေအောင်နေတတ်သူပါ။ အေးအေးဆေးဆေးနေရတာကို သဘောကျသူဖြစ်တာကြောင့် အကယ်၍ စကားများမယ့်နေရာမှာလည်း ကိုယ့်ဘက်က အမှားမပါအောင် ဂရုတစိုက်ပြောတတ်သူတစ်ယောက်ပါ။ ကိုယ့်အတွက်ထက် သူများအတွက်ကို အလေးထားပြီး လုပ်တတ်သူတစ်ယောက်ပါ။

ကဲကိုယ်ကတော့ ဘယ်လိုလူမျိုးတစ်ယောက်လည်း ဆိုတာကို စမ်းစစ်ကြည့်လိုက်ရအောင်နော်။

#ChelmoTeam
#Fortune