ဘဝမှာ အချိန်အနေ အမျိုးမျိုးရှိနေမှာပါ။ ပျော်ဖို့ကောင်းတဲ့အချိန်၊ စိတ်ဆင်းရဲနေတဲ့အချိန်တွေလည်း ရှိမှာပါ။ ဒီအချိန်တွေထဲမှာ စိတ်ဆင်းရဲနေချိန်ကို ဘယ်လိုကျော်လွှားမလဲဆိုတာကို သွေးအမျိုးအစားအလိုက် ကြည့်လိုက်ကြရအောင်လား။

A သွေးကတော့ ... ခံစားချက်တွေကို စာရွက်ပေါ်မှာ ချရေးလိုက်ပါ။

တစ်ယောက်တည်းကြိတ်ပြီးခံစားတတ်တဲ့ A သွေးကတော့ ကိုယ့်အတွေးထဲမှာ တဝဲလည်လည်ဖြစ်နေတတ်ပါတယ်။ သူ့အတွက်ကတော့ ကိုယ်ခံစားနေရတာကို စာရွက်ပေါ်မှာ ရေးချလိုက်မယ်ဆိုရင် စိတ်ထဲပေါ့သွားမှာပါ။ ဘာကြောင့်ဒီလိုဖြစ်သွားတာလဲဆိုတာကို အေးအေးဆေးဆေးတွေးကြည့်လိုက်မယ်ဆိုရင် အဓိကအကြောင်းရင်းကို သိလာမှာပါ။ ဒီအချိန်မှာ ဘာလုပ်သင့်သလဲဆိုတာကို သိလာမှာပါ။

B သွေးကတော့ ... ခရီးထွက်သင့်ပါတယ်။

ဘာမဆိုတက်တက်ကြွကြွ လုပ်တတ်သူဖြစ်တဲ့ B သွေးပိုင်ရှင်က စိတ်တွေရှုပ်ထွေးလာပြီဆိုရင် အဝေးကိုထွက်သွားချင်တတ်သူပါ။ ဒါကြောင့်သူကတော့ ခရီးထွက်သွားသင့်ပါတယ်။ ဒီပြသာနာတွေဖြစ်နေတဲ့နေရာကနေ အဝေးတနေရာကို ထွက်သွားမယ်ဆိုရင် ကိုယ်ခံစားနေရတာတွေက လျော့နည်းသွားစေမှာပါ။ ဖြစ်နိုင်ရင် နိုင်ငံရပ်ခြားကို သွားနိုင်ရင် အကောင်းဆုံးပါ။ မဖြစ်နိုင်ရင်တော့ တွေ့ရကားစီးပြီး ကိုယ့်ဆင်းချင်တဲ့နေရာမှာ ဆင်းနေခဲ့ရင်လည်း ရပါတယ်။

O သွေးကတော့ ... ကြိုက်တာတွေကို စားပစ်လိုက်ပါ။

စိတ်ခံစားလွယ်တာကတော့ O သွေးပါ။ အခန်းကိုပိတ်ပြီး စားဖို့သောက်ဖို့ကိုတောင်မေ့ပြီး တနေ့လုံးကိုငိုနေချင်သူပါ။ သူ့အတွက်ကတော့ ကိုယ်စားချင်တာတွေကို အကန့်အသတ်မရှိ စားလိုက်စေချင်ပါတယ်။ သူကတော့ နားလည်ရလွယ်တာလားတော့မသိပါ။ ဗိုက်ဝသွားတော့ စိတ်ဆင်းရဲတာတွေလည်း ပျောက်သွားတတ်သူပါ။ သောက်တတ်တဲ့သူကတော့ မူးအောင်သောက်လိုက်ပေါ့။

AB သွေးကတော့ ... ဖြစ်ချင်ရာဖြစ်ကွာလို့ အကျယ်ကြီးအော်လိုက်ကွာ။

AB သွေးကတော့ အသေးစိတ်ကို စဉ်းစားတတ်သူပါ။ စိတ်ဆင်းရဲနေချိန်မှာ ဘာကြောင့်ဒီလိုဖြစ်ရသလဲဆိုတာကို ထပ်ခါတလဲလဲ စဉ်းစားပြီး ကိုယ့်ရဲ့အမှားကို ဘာကြောင့်ဖြစ်ရသလဲလို့ ကိုယ့်ကိုကိုယ်အပြစ်တင်နေတတ်သူပါ။ သူအတွက်ကတော့ ဖြစ်ချင်ရာဖြစ်ကွာလို့ အကျယ်ကြီးအော်လိုက်ပါ။ အကြိမ်ကြိမ်အော်နေရင် ငါဘာကြောင့်ဒီလိုစဉ်းစားနေတာပါလိမ့်လို့ အတွေးသစ်ဝင်လာပြီး စိတ်ထဲပေါ့သွားမှာပါ။

လူတိုင်းစိတ်ဆင်းရဲတဲ့အချိန်ကတော့ ရှိစမြဲပါ။ ဒီအချိန်တွေကို ကျော်ဖြတ်နိုင်မယ့်နည်းကတော့ ကိုယ်ပဲအသိဆုံးဖြစ်မှာပါ။ နှစ်သစ်မှာ စိတ်သစ်၊လူသစ်နဲ့အားလုံးအဆင်ပြေကြပါစေ။

#ChelmoTeam