ယောင်္ကျားလေးတွေက မိန်းကလေးတစ်ယောက်ကို ဝနေတယ်လို့ပြောလိုက်ချိန်ကတော့

မိန်းကလေးအချင်းချင်းထက် ယောင်္ကျားလေးတွေအနေနဲ့ သူဝလာတယ်လို့ ထင်တဲ့အချိန်က ကွာခြားနေပါတယ်။ ဘယ်အချိန်ဆိုရင် ဒီလိုထင်ကြမှာလဲ။

★ ခါးကနေ အထက်ပိုင်းက ဝနေတဲ့အချိန်

၀၁.အချို့မိန်းကလေးတွေက အင်္ကျီကို အကျပ်ဝတ်တဲ့အချိန်မှာ ဘာရာကလည်း ကျပ်နေတော့ ဘေးကနေထွက်နေတဲ့အဆီတုံးတွေမြင်ရတဲ့အချိန်
၀၂.ရင်သားနဲ့ဗိုက်သား မကွဲပဲ တထပ်တည်းကျနေတဲ့အချိန်

★ မေးနှစ်ထပ်ဖြစ်တဲ့အချိန်

၀၁. သူရယ်လိုက်တဲ့အချိန်မှာ မေးစေ့က နှစ်ထပ်ဖြစ်ကြောင်းကို သက်သေပြလိုက်သလို ဖြစ်သွားချိန်

★ အလွန်ပင်တုတ်နေတဲ့ လက်ချောင်းလေးတွေကို တွေ့လိုက်ချိန်

၀၁. သူသိပ်မဝဘူးလို့ မိတ်ကပ်၊ အလှပြင်လိုက်ရင်တော့ အဆင်ပြေသွားနိုင်ပင်မယ့်လည်း သူရဲ့ဝဖီးနေတဲ့လက်ချောင်းလေးတွေကတော့ သက်သေပြနေတဲ့အချိန်

★ L ဆိုက် ဝတ်နေချိန်

၀၁. သူ့အင်္ကျီဆိုက်က L ဆိုက်တောင်ဖြစ်နေပြီဆိုရင်တော့ ပတ်ဝန်းကျင်ကို လိမ်လို့မရတော့တဲ့အချိန်

★ အိပ်နေချိန်မှာ ဟောက်နေတဲ့အချိန်

၀၁. အရင်တုန်းက အိပ်နေချိန်မှာ အေးအေးဆေးဆေးနဲ့ ချစ်ဖို့ကောင်းသလောက် အခုတော့ မီးရထားဥသြဆွဲနေချိန်

ယောင်္ကျားလေးတွေကတော့ မထင်ထားတဲ့နေရာကိုကြည့်နေတယ်ဆိုတာကို ဒီစာလေးကိုဖတ်ကြည့်ရင် သိနိုင်ပါတယ်။

#ChelmoTeam