General

  • 2017-02-05 07:30
  • | Hit: 3831
  • | Written by Chelmo

ယောင်္ကျားလေးတွေ ကိုယ်ကြိုက်တဲ့မိန်းကလေးကို ပြတဲ့လက္ခဏာတွေရှိတယ်ဆိုတာ သိလား။

သူကိုယ့်ကို တကယ်ကော ချစ်နေတာလားဆိုတာကို သေသေချာချာသိဖို့ရန် သူတို့ရဲ့အပြုအမူလေးတွေကို ကြည့်တတ်ဖို့လိုတယ်နော်။

၀၁. ရည်းစားရှိလားလို့ မေးတာရယ်၊ ဘယ်လိုယောင်္ကျာလေးကို ကြိုက်လဲလို့မေးရင် ဖြစ်နိုင်ချေကတော့ : 15 %

ရည်းစားရှိလား၊ ဘယ်လိုကောင်လေးကို ကြိုက်လဲလို့မေးနေရင်တော့ ဒီကောင်မလေးနဲ့ဆိုရင် အဆင်ပြေနိုင်မလားဆိုတာကို သိချင်လို့ပါ။ ဒါပင်မယ့်လည်း ဘယ်ရယ်လို့မဟုတ်မေးတတ်တဲ့သူလည်း ရှိတာကြောင့် ကိုယ့်ကိုကြိုက်နိုင်ချေကတော့ 15% ပါ။ နှစ်ယောက်တည်း ရှိနေတဲ့အချိန်မှာ မေးတယ်ဆိုရင်တော့ ဒါဟာ အကြောင်းတခုခုတော့ ရှိနေပြီထင်တယ်။

၀၂. သူနဲ့အကြည့်တွေ ဆုံမိတယ်ဆိုရင် ဖြစ်နိုင်ချေကတော့ : 20%

တခါတလေ တစ်ယောက်ယောက်ရဲ့အကြည့်တွေကို ခံစားနေရတော့ ပြန်ကြည့်လိုက်ရင် သူနဲ့အကြည့်တွေ တိုက်ဆိုင်သွားတယ်ဆိုရင် သူကကိုယ့်ကိုတောက်လျှောက်ကြည့်နေလို့ပါ။ ကြည့်တယ်ဆိုတာ ကြိုက်လို့လည်း ဖြစ်ချင်ဖြစ်မယ်၊ လူတစ်ယောက်အနေနဲ့ စိတ်ဝင်စားတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ် ဆိုတော့ ဖြစ်နိုင်ချေကတော့ 20% လောက်ပါ။ တခုတော့လုပ်ကြည့်လို့ရပါတယ်။ နင်နဲ့ငါ အကြည့်တွေ ဆုံနေတယ်လို့ သူ့အရှေ့မှာပြောကြည့်ရင် သူ့မျက်နှာမှာ အဖြေရှာကြည့်လိုက်နော်။

၀၃. ပြောစကားတွေကို အကုန်မှတ်မိနေတယ်ဆိုရင် ဖြစ်နိုင်ချေကတော့ : 30%

နှစ်ယောက်စကားတွေကို အတွင်းကျကျ မှတ်မိနေတယ်ဆိုရင်တော့ သူကကိုယ့်ကို တော်တော်ကို စိတ်ဝင်စားနေတဲ့ပုံပါပဲ။ဘာရယ်လို့မဟုတ်ပြောလိုက်တဲ့ မွေးနေ့၊မိသားစုကိစ္စတွေကို အကုန်သိနေရင်တော့ တခုခုတော့ ရှိနေပြီနော်။ ဒါပင်မယ့်လည်း မှတ်ဥာဏ်ကောင်းတဲ့သူတစ်ယောက်ဖြစ်နေမယ်ဆိုရင်တော့ အဲဒီအတွေးကမှားသွားနိုင်တယ်။သူပြောပုံအပေါ်မှာမူတည်ပြီး ကိုယ့်အကြောင်းကို ဘယ်လောက်အထိ စိတ်ဝင်စားနေသလဲဆိုတာကို သိနိုင်မှာပါ။

၀၄. Chat နေတဲ့အချိန်မှာ ပြောစရာစကားမရှိတဲ့အချိန်မှာလည်း အခြားအကြောင်းကိုရှာပြောနေတယ်ဆိုရင် ဖြစ်နိုင်ချေကတော့ : 50%

Chat လို့ပြီးသွားတဲ့အချိန်မှာ အခြားအကြောင်းတွေကို ဆက်ပြီးပြောနေရင်တော့ သူကကိုယ့်ကိုစိတ်ဝင်စားနေလို့ပဲ ဖြစ်ပါလိမ့်မယ်။ အဆက်အသွယ်ပြတ်ပြီး ချက်ချင်းဆိုသလို ပြန်ဆက်သွယ်လာရင်တော့ ဟုတ်နေပါပြီ။ ကိုယ့်အကြောင်းကို အရမ်းကိုသိချင်နေပြီ၊ သူ့အောင့်မထားနိုင်တော့ပါ။ အားနေလို့လာပြီး စကားပြောတဲ့သူတွေလည်း ရှိတာကြောင့် ဖြစ်နိုင်ချေကတော့ 50% ပါ။

၀၅. ကိုယ့်ရဲ့ပြောင်းလဲချက်လေးတွေကို အမြဲပြောပြတတ်တယ်ဆိုရင် ဖြစ်နိုင်ချေကတော့: 60%

ဆံပင်ညှပ်လိုက်တယ်၊ မိတ်ကပ်လေးပြောင်းလိုက်တယ်၊ အလှပြင်ပုံလေးပြောင်းလိုက်တယ် ကိုယ့်ရဲ့ပြောင်းလဲချက်လေးတွေကို သတိထားမိပြီး ပြောပြတတ်တဲ့သူဆိုရင်တော့ ဖြစ်နိုင်ချေရှိတယ်နော်။ နောက်ပြီး မျက်နှာလည်း သိပ်မကောင်းဘူးနော်။ နေမကောင်းဘူးလား ကိုယ့်ရဲ့ကျန်းမာရေးကိုလည်း ဂရုတစိုက်ပြောပြတတ်တဲ့သူဆိုရင်တော့ ဖြစ်နိုင်ချေကတော့ 60% လောက်ရောက်နေပြီ။ ဒါပင်မယ့်လည်း အမြဲဆိုသလို မိန်းကလေးတွေရဲ့ဖက်ရှင်ကို ကြည့်နေသူတစ်ယောက်ဆိုရင်တော့ ဘယ်သူ့ကိုမဆိုပြောနေတတ်တာကြောင့် တွေးပြီး စိတ်ကူးတွေ မယဉ်နဲ့နော်။

၀၆. အပြင်သွားဖို့ချိန်းပြီး မုန့်ကျွေးမယ်ဆိုရင်တော့ ဖြစ်နိုင်ချေကတော့ : 75%

အပြင်သွားဖို့ရန် ချိန်းတာတခုတည်းမဟုတ်ပဲ မုန့်၊ထမင်းကျွေးမယ်လို့ ဆိုရင်တော့ သူကကိုယ့်ကို တကယ်ကို ကြိုက်နေပြီထင်ပါတယ်။ အပြင်သွားဖို့ဆိုရင် သူကတကယ်ကို ကြိုက်နေပြီလို့တွေးထားလို့ရပါတယ်။ ဘယ်အချိန်မှာ သူဖွင့်ပြောလာမလဲဆိုတာကို သိထားဖို့ပဲလိုပါတယ်။

၀၇. တစ်ခေါက်ငြင်းထားပင်မယ့်လည်း နောက်တခေါက်ပြန်ချိန်းတယ်ဆိုရင်တော့ ဖြစ်နိုင်ချေကတော့ : 90%

တကြိမ်ချိန်းပင်မယ့်လည်း အခြေအနေ အမျိုးမျိုးကြောင့် မတွေ့ဖြစ်တာကို တကယ်တော့ ကိုယ်ကပြန်ချိန်းသင့်ပင်မယ့်လည်း မိန်းကလေးဆိုတော့ မပွင့်တပွင့်နေလိုက်မယ်။ ဒီတော့သူကနေ မနေသာမထိုင်သာတွေဖြစ်ပြီး ကိုယ့်ကို နောက်တကြိမ်ချိန်းလာပြီဆိုရင်တော့ ဖြစ်နိုင်ချေကတော့ 90% ကိုရောက်နေပါပြီ။ သူ့စကားကို ဘယ်အထိယုံကြည်မလဲဆိုတာကို လက်ခံစကားပြောကြည့်လိုက်တော့နော်။

#ChelmoTeam
#Relationship